
Popular ပုံနှိပ်နှင့် တံဆိပ်ရိုက် ဝန်ဆောင်မှုလုပ်ငန်း
Popular ပုံနှိပ်နှင့် တံဆိပ်ရိုက် ဝန်ဆောင်မှုလုပ်ငန်းကို ၂၀၁၇ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး မြန်မာနိုင်ငံ အနယ်နယ်အရပ်ရပ်ရှိ လုပ်ငန်းရှင်များအတွက် မရှိမဖြစ်လိုအပ်သည့် ပုံနှိပ်နှင့် တံဆိပ်ရိုက်ပစ္စည်းများအား အရည်အသွေးမှန်၊ ဒီဇိုင်းလှလှ၊ သင့်တင့်သောစျေးနှုန်း၊ ကောင်းမွန်သော ဝန်ဆောင်မှုတို့ဖြင့် တစ်နေရာတည်းမှာ စိတ်ချယုံကြည်စွာ မှာယူရရှိနိုင်စေရန် ရည်ရွယ်၍ အာမခံချက်ဖြင့် ဝန်ဆောင်မှုပေးနေသော ပုံနှိပ်နှင့် တံဆိပ်ရိုက်ဝန်ဆောင်မှုလုပ်ငန်း ဖြစ်ပါသည်။
လုပ်ငန်းစတင်ဆောင်ရွက်ခဲ့ချိန်မှစ၍ ယခုအချိန်ထိ မြန်မာနိုင်ငံ အနယ်နယ်အရပ်ရပ်ရှိ လုပ်ငန်းပေါင်းများစွာကိုလည်း ဝန်ဆောင်မှုပေးနေဆဲဖြစ်ပြီး မိတ်ဟောင်းမိတ်သစ်များစွာ၏ စိတ်ချယုံကြည်မှုကိုလည်း ရရှိထားပါသည်။

ပုံနှိပ်ဝန်ဆောင်မှု (Offset Printing)
လူကြီးမင်းတို့လိုအပ်သော စက္ကူပုံနှိပ်ပစ္စည်းများကို စိတ်ကြိုက် Size, စိတ်ကြိုက်ဒီဇိုင်းဖြင့် ဒီဇိုင်းဆွဲသည်မှစ၍ ပုံနှိပ်ထုတ်အပြီးအစီး ဝန်ဆောင်မှုပေးပါသည်။

တံဆိပ်ရိုက်ဝန်ဆောင်မှု (Manual Printing)
အိတ်သားကောင်းကောင်း၊ ဆေးသားကောင်းကောင်း၊ ဒီဇိုင်းလန်းလန်းဖြင့် အောက်ပါ အိတ်အမျိုးအစားများကို အနည်းဆုံး အလုံး (၂၀၀/၅၀၀) မှစ၍ မှာယူနိုင်ပါသည်။

ပလပ်စတစ်တံဆိပ် စက်ရိုက်ဝန်ဆောင်မှု (Machine Printing)
တစ်ခုချင်းကုန်ကျစရိတ်လျော့ချချင်ပြီး အရေအတွက်များများယူလိုသော လုပ်ငန်းရှင်များအတွက် မိမိ . . .